ပရီးမီးယားလိဂ် (၀က်စ်ဘရွန်း V စပါး)
ဝက်ဘရွန်းသည် ပရီးမီးယားလိဂ် အဆင့် ၉ နေရာတွင်ရှိပြီး ဥရောပ၀င်ခွင့်နေရာအတွက် ၈ မှတ်မျှ လိုအပ်နေဆဲဖြစ်သည်။လက်ရှိခြေစွမ်းမှာ နောက်ဆုံး ၅ ပွဲတွင် ၁ ပွဲသရေကျပြီး ၄ ပွဲရှုံးထားသည်။
စပါးမှာ အဆင့် (၄) နေရာတွင် ရှိနေဆဲဖြစ်သော်လည်း အဆင့်(၅) နေရာရှိ အဲဗာတန်နှင့် ၁ မှတ်သာကွာသည်။နောက်ဆုံး(၃)ပွဲ သရေကျထား နောက်တစ်ပွဲနိုင်ပွဲပျောက်လျှင် ချန်ပီယံလိဂ် ၀င်ခွင့်နေရာ အတွက် ဆုံးရှုံးရဖွယ်ရှိသည်။
ဝက်စ်ဘရွန်းတွင် Zoltan Gera အားလက်မှတ်ရေးထိုးရန် မအောင်မြင်သည်မှလွဲပြီး ပွဲပယ်မရှိပေ။စပါးတွင် Sandro, Huddlestone, Kaboulနှင့်Defoe တို့ ပွဲထွက်လွဲချော်သည့် အပြင် Adebayor လည်း Togo (AFCON) သွားရောက်ကစားနေသောကြောင့် မပါဝင်နိုင်ပေ။
အစောပိုင်းပွဲများတွင် ၀က်စ်ဘရွန်းသည် အိမ်ကွင်းအမာကျောဆံး အသင်းအနေဖြင့် ရပ်တည်နေခဲ့သော်လည်း နောက်ဆုံး (၅) ပွဲ၏ form မှာအဆိုးရွားဆုံးဖြစ်နေခြင်းက အဖြေဖြစ်လာနိုင်သည်။
ပွဲကြိုခန့်မှန်းချက်: Tottenham Win